ခိုလမ်မြို့အ.ထ.က ကျောင်း၌ ပညာရေးမိသားစုဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခိုလမ်မြို့အ.ထ.က ကျောင်း၌ ပညာရေးမိသားစုဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့၊ အ.ထ.ကကျောင်း၌ ပညာရေးမိသားစုဝါဆိုသင်္ဃန်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက်(၁၀:၃၀)အချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဦးပညာသီရိနှင့်ဆရာတော်၊ သံဃာတော်များမှ ဩကာသကန်တော့ချိုး၊ (၅)ပါးသီလဆောက်တည်ခြင်း၊ ပဌာန်းရွတ်ဖတ်ပေးခြင်း၊ တရားတော်များကိုဟောကြားပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများမှ ကန်တော့ခံပစ္စည်းများ၊ အလှူငွေများ ဆပ်ကပ်လှူဒါန်းပေးခဲ့သည်။


အဆိုပါ ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲသို့ကြွရောက်လာသော ဆရာတော်သံဃာတော်ရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တက်ရောက်လာသော ဧည့်သည်များအား နေ့လယ်စာ ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။


နေလင်းထွန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)