ငွေဆောင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတစ်ဦးချင်းစီ၏ ( Biometric Data) အချက်အလက်ကောက်ယူခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငွေဆောင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတစ်ဦးချင်းစီ၏ ( Biometric Data) အချက်အလက်ကောက်ယူခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်




MNP ၊  ဩဂုတ်  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်းစီ၏  ဇီဝဆိုင်ရာအချက်အလက်များ ​ကောက်ယူ၍ ဂဏန်း( ၁၀) လုံးပါ Unique IDနံပါတ်စာရွက်များ ထုတ်ပေးခြင်းကို အပတ်စဥ် စနေ၊ တနင်္ဂနွေမှ လွဲ၍ နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူပြီး Database အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်းများကို ငွေဆောင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊မြို့ဦးစီးမှူးဦးစိန်ဝင်းနှင့် ဝန်ထမ်းများမှ မြို့ အတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ၍ QR Code ပါပြီး ဂဏန်း(၁၀)လုံးပါသည့် Unique ID နံပါတ်စာရွက်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ငွေဆောင်မြို့တွင် ဇူလိုင်လ( ၅)ရက်နေ့မှ စတင်ကာ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာ အချက် အလက်များ  ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ( ၃) ရက်နေ့အထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူ(၁၃၂၇)ဦးတို့အား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ၍ တစ်ဦးချင်းစီ၏ Unique ID နံပါတ်ပါ စာရွက်များ ထုတ်ပေးပြီး ဖြစ်ကြောင်း မြို့လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့ဦးစီးမှူး ဦးစိန်ဝင်းထံမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)