သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် လူငယ်စကားဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် လူငယ်စကားဝိုင်း ကျင်းပ

 




MNP ၊  ဩဂုတ်  ၅

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်း)တို့ပူးပေါင်း၍  ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လူငယ်စကားဝိုင်းတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီက အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး(ကိုယ်စား) ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းက လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ပြောကြားရာ ကျောင်းသား/ ကျောင်းသူလူငယ် လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားရရှိနိုင်စေရန်  အသိပညာများ မျှဝေပေးနိုင်စေရန်၊ ကျောင်းသား/ ကျောင်းသူအချင်းချင်း စည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိနိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အထကောင်းများ ရရှိနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းပြောကြားကာ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ ကျောင်းသား/ ကျောင်းသူများဖြစ်ကြသည့် မပန်းအိစံက “လူငယ်နှင့်ကျန်းမာရေး”၊ မအေးအေးခန့် က “လူငယ်နှင့်အားကစား”၊ မမေဖူးပိုင်က “ ကျွန်မဖတ်ဖူးသောစာအုပ်တစ်အုပ်”၊ မောင်အောင်ထက်ကိုကို က “လူငယ်နှင့်နည်းပညာ”၊ မောင်သူရဇော်က “ လူငယ်နှင့်အလုပ်အကိုင် အခွင့်အလမ်း” ခေါင်းစဉ်များ ဖြင့် အသီးသီး ဆွေးနွေးပေးခဲ့ကြသည်။


ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌမှ ဦးဆောင် ဆွေးနွေးပေးကြသည့် ကျောင်းသား/ ကျောင်းသူများအတွက် အလှူငွေများပေးအပ်ခဲ့ပြီး သမဝါယမ နှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)ပါမောက္ခချုပ်နှင့် ခရိုင်ပြန်/ဆက်ဦးစီးမှူးတို့က လူငယ်စကားဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက် ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)