ဇမ္ဗူသီရိမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊  ဩဂုတ်  ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝဏ္ဏက အမျိုးသမီးများအား ပျော်ရွှင်အေးချမ်းသည့် ဘဝတွင် နေထိုင်နိုင်ရန်၊ မိသားစုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းရည်မြှင့်တင်ပေးရန်အတွက် လုပ်ဆောင်ချက်များ၊ နည်းစနစ်များ၊ ဖွဲ့စည်းပုံများ၊ အလေ့အထများ အကောင်အထည်ဖော်ဆောင်ရွက်ပြီး လူ့အခွင့်အရေးကို အပြည့်အဝရရှိနိုင်ရန်တို့အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများချမှတ်ခြင်း၊ လမ်းညွှန်ချက်များချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမျိုးသမီးကော်မတီ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပြီး ခရိုင်မြို့နယ်များအထိ ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့နယ်အမျိုးသမီးကော်မတီများအနေနဲ့လည်း အမျိုးသမီးများအားလုံး အကြမ်းဖက်မှု၊ ခြိမ်းခြောက်ခံရမှုတွေကကင်းဝေးပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် အားလုံး ကိုယ်တတ်စွမ်းတဲ့ အခန်းကဏ္ဍအသီးသီးကနေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူးက အမျိုးသမီးကော်မတီ၏ တာဝန်ဝတ္တရားများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသည့် အမျိုးသမီးကော်မတီဝင်များက ကဏ္ဍအသီးသီးအလိုက် ပြန်လည်ဆွေးနွေးခဲ့ရာ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးဒေါ်ဥမ္မာဆွေနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏတို့က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 


ဟိန်းသူအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)