ပျဉ်းမနားမြို့နယ်၊ ဖလောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျဉ်းမနားမြို့နယ်၊ ဖလောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပ


MNP ၊  ဩဂုတ်  ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဖလောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ဖလောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားကို စတင်ခဲ့ကြပြီး ဖလောင်းကျေးရွာဘုန်းတော်ကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များထံမှပရိတ်တရားတော် မြတ်နာယူခဲ့ကြသည်။


ထို့နောက် ဖလောင်းကျေးရွာကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များအားထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထူအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ တရားတော်မြတ်နာယူခဲ့ကြကာ ကောင်းမှူကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။


မျိုးသီဟ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)