ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး


MNP ၊  ဩဂုတ်  ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီမှ (၁၂)နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်းခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံး ဆေးရုံအုပ်ကြီးဒေါက်တာ ရန်နိုင်ဆွေ၊ အရိုး အထူးကုဆရာဝန် ဒေါက်တာမင်းဇော်အောင်၊ ဒေါက်တာနန်းဝင်းအောင်နှင့် ဆရာ /ဆရာမများက သက်ကြီးရွယ်အိုးများအား  ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း၊ မကူးစက်ခင်ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုးဆီးချိုး၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားစုစုပေါင်း(၁၄၅)ဦးအားအခမဲ့ စောက်ရှောက်ကုပေးခဲ့ကြောင်းသိရသည်။


အဆိုပါ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုအစီစဉ်တွင် ကျန်းမာရေးစစ်ဆေးမှုမခံယူမီသက်ကြီးဘိုးဘွားများအား ကိုယ်ကာယကျန်းမာကြံခိုင်စေရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းကို ဉီးတင်မောင်ဝင်း(HA1)က ဉီးဆောင်လေ့ကျင့်​ပေးခဲ့ကြောင်းနှင့်  အာဟာရဒါနအ​နေဖြင့် ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဉီးသိန်းဇော်နှင့် ဇနီးဒေါ်ဒုံစေ့မိသာစုမှ ကြက်သားကြာဇံဟင်ခါးတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)