မအီမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်မြေပြိုမှုကြောင့် စာသင်ကျောင်းခြံစည်းရိုး ပေ(၅၀)ခန့်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်မြေပြိုမှုကြောင့် စာသင်ကျောင်းခြံစည်းရိုး ပေ(၅၀)ခန့်ပျက်စီး


MNP ၊  ဩဂုတ်  ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် အမှတ်(၁)ရပ်ကွက်၊ မူလတန်းကျောင်းရှိ သွပ်ဆူးကြိုးကာရံထားသော ခြံစည်းရိုးအရှည်ပေ (၃၁၀) ရှိသည့်အနက် ကျောင်း၏အရှေ့ဘက်ရှိ ပေ(၅၀)ခန့်မှာ ယမန်နေ့နံနက်(၁၁)နာရီ အချိန်ခန့်က တောင်မြေပြိုကျမှုများကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။


အဆိုပါ မြေပြိုမှုဖြစ်စဉ်ကြောင့် လူနှင့်အဆောက်အဦများ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ၎င်းခြံစည်းရိုး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ်(၁၅၀၀၀၀) ခန့်ရှိမည်ဖြစ်ကြောင်းနှင့် ခြံစည်းရိုးပြန်လည် ကာရံပြုပြင်နိုင်ရေးအတွက် အမှတ်(၁) ရပ်ကွက်၊အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာကျောင်းကော်မတီဝင်များ ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ  သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)