MNP ၊ ဩဂုတ် ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံသီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးခြင်းလုပ်ငန်းပြုလုပ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသခံပြည်သူများမှာ ဆောင်းတွင်းဖြစ်သည့် ဖေဖော်ဝါရီလ ကွမ်းသီးများကိုစတင်ပျိုးထားပြီး ၆ လခန့်အကြာတွင် ကွမ်းပင်ငယ်များဖြစ်လာကာ မိုးရေများသော ဩဂုတ်လအချိန်တွင် ကွမ်းသီးပျိုးပင်များကိုစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဒေသခံပြည်သူများသည် စိုက်ပျိုးထားသည့်ကွမ်းသီးပျိုးပင်ငယ်များ အောင်မြင်ဖြစ်ထွန်းလာစေရန်အတွက် စိုက်ပျိုးပြီးကွမ်းပင်ငယ်များကို (၃)လတစ်ကြိမ်ပေါင်းရှင်းပေးခြင်း၊ အလင်းရောင်ရရှိစေရန် ဘေးပတ်ဝန်းကျင်ရှိ မြက်ပင်၊ ချုံနွယ်များကို ခုတ်တွင်ရှင်းလင်းပေးခြင်းတို့ကို (၃)နှစ်အတွင်းပြုလုပ်ပေးရသည်။ ကွမ်းပင်ငယ်များ (၃)နှစ်နှင့်အထက်ရှိလာပါက အောင်မြင်ဖြစ်ထွန်းသည့် အပင်များဖြစ်လာပြီး (၆)နှစ်မှ(၇)နှစ်ခန့်တွင် စတင်ပြီးအသီးသီးနိုင်ကြောင်း ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်သူတောင်သူဦးခရစ်ထံက သိရသည်။
နော်နော်မူ
https://t.me/MyanmarNationalPost
No comments:
Post a Comment