ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ





MNP ၊  ဩဂုတ်  ၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူ များအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက (ဂွ)စုရပ်၊ (ဆပ်သွား)စုရပ်နှင့် (ကျိန္တလီ)စုရပ် စသည့် စုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင်  အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၅၃)ဦးတို့က First Booster နှင့် ပြည်သူ (၇၀)ဦးက Second Booster လာရောက်ထိုးနှံကြပြီး နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်  (၄၃)ဦးတို့က Second Booster  ကာကွယ်ဆေးများအား လာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။


ထို့နောက် စုရပ်များသို့ ကာကွယ်ဆေးထိုးရန်ရောက်ရှိလာကြသော ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊  စနစ်တကျ စာရင်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)