MNP ၊ ဩဂုတ် ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူ များအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက (ဂွ)စုရပ်၊ (ဆပ်သွား)စုရပ်နှင့် (ကျိန္တလီ)စုရပ် စသည့် စုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၅၃)ဦးတို့က First Booster နှင့် ပြည်သူ (၇၀)ဦးက Second Booster လာရောက်ထိုးနှံကြပြီး နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင် (၄၃)ဦးတို့က Second Booster ကာကွယ်ဆေးများအား လာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။
ထို့နောက် စုရပ်များသို့ ကာကွယ်ဆေးထိုးရန်ရောက်ရှိလာကြသော ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျ စာရင်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment