ဘားအံမြို့၌ သံလွင်မြစ်ရေမြင့်တက်၍ ပြည်သူ(၁၀၀၀)ကျော်အား ယာယီရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့၌ သံလွင်မြစ်ရေမြင့်တက်၍ ပြည်သူ(၁၀၀၀)ကျော်အား ယာယီရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေး


MNP ၊  ဩဂုတ်  ၅

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၂၄  စင်တီမီတာသို့ ရောက်ရှိနေပြီး အနိမ့်ပိုင်းရပ်ကွက်အချို့၌  နေအိမ်များ ရေနစ်မြုပ်လျက်ရှိရာ အဆိုပါရေကြီးမှုကြောင့် ရေဘေးသင့်အိမ်ထောင်စု(၂၁၄)စု၊ ကျား(၅၂၈)ဦး၊ မ(၅၄၀)လူဦးရေ စုစုပေါင်း(၁၀၆၈)ဦးတို့အား ခရိုင်၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကောမတီအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မိုးလုံလေလုံအားကစားရုံ၊ ဆိုင်ကလုံးရှပ်တာ၊ ကြားတောရဘုန်းတော်ကြီးကျောင်း၊ ရွှေယာဉ်မျှော်ဘုရားများတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ရေဘေးသင့်ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်နှင့်ဆီများ၊ ပြည်နယ်သဘာဝဘေးခန့်ခွဲရေးဦးစီးဌာနမှ ဆန်နှင့်ခေါက်ဆွဲခြောက်များ၊ ဘားအံမြို့နယ် ဘာသာပေါင်းစုံညီညွတ်ရေးအသင်းမှ ကြက်ဥနှင့်ခေါက်ဆွဲခြောက်များထောက်ပံ့ပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)