တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၂၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက တပ်မတော်ကြည်း၊ ရေ၊ လေ မိသားစုများနှင့် စေတနာရှင်ပြည်သူများက လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက်နှင့် ဂရုဏာကမ္ဘာ ဘိုးဘွားရိပ်သာတို့သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနား ကျင်းပသည်။


ရှေးဦးစွာ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဇနိန္ဒထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များ ချီးမြှင့်သည်။


ထို့နောက် စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္ဒဇနိန္ဒထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ စစ်ဉီးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က မြို့ဦးတိုက်သစ် သံလမ်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဇနထံသို့လည်းကောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က အေလာ၊ သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုမာရထံသို့လည်းကောင်း ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် စေတနာရှင်အလှူရှင်များက ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်းရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် တာဝန်ရှိသူများက လက်ခံသည်။


ထို့နောက် ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်များ လှူဒန်းရခြင်း၏ ရည်ရွယ်ချက်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ဗိုလ်မှူးကြီး ဥာဏ်လင်းစိန်းက လျှောက်ထားသည်။ ဆက်လက်၍ တက်ရောက်လာကြသော ဧည့်ပရိသတ်များက ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဇနိန္ဒထံမှ သာဓုအနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။


လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၇ ကျောင်း၊ သီလရှင်စာသင်တိုက် ၅ တိုက်နှင့် ဂရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို လှူဒါန်းမှုအစုစုမှာ ဆွမ်းဆန်တော် ၆၃၃ အိတ်၊ ၁၆ ပြည်၊ ဆီ၊ ၁၉၀ ဒသမ တစ် ပိဿာ၊ ဆား၁၉၀၁ပိဿာ ၊ ပဲ ၁၉၀၁ပိဿာ၊ ရှမ်းရိုးမအကြောပြေလိမ်းဆေး ၇၂၀ ဘူး တောရှောက်လိမ်းဆေး ဒါဇင် ၃၀၊ တမာယားနာလိမ်းဆေး ဒါဇင် ၂၀၀ နှင့် ဆွမ်းပဒေသာပင်စိုက်ထူလှူဒါန်းငွေ တပ်မတော် ကြည်း၊ ရေ၊ လေမှ ငွေကျပ် ၂၃ သိန်း၊ တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်ဇော်လွင်ဦးမှ ငွေကျပ် ငါးသိန်း ရန်ကုန်မြို့မှ အမြဲတမ်းဆွမ်းအလှူရှင်များမှငွေ ကျပ် ၁၁၄ သိန်းတစ်သောင်း၊ နေပြည်တော်ကောင်စီနှင့် လယ်ဝေးမြို့နယ်မှ အလှူရှင်များ၊ ဌာနဆိုင်ရာများ မှစုပေါင်းလှူဒါန်းငွေ ကျပ် ၅၁ သိန်း စုစုပေါင်း လှူဒါန်းငွေကျပ် ၁၉၃ သိန်း၊ တစ်သောင်း ဖြစ်ကြောင်း သိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)