ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာနှင့် တွဲကားတိုက်မိပြီး (၃) ဦးဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာနှင့် တွဲကားတိုက်မိပြီး (၃) ဦးဒဏ်ရာရ

 


MNP ၊ သြဂုတ် ၂၇

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန် - မန္တလေးသွားကားလမ်းဟောင်းတွင် သြဂုတ် (၂၆) ရက် ညပိုင်းက ဆီဘောက်ဆာကားနှင့် တွဲကား တိုက်မိပြီး ဆီဘောက်ဆာယာဉ်တိမ်းမှောက်ကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည (၈) နာရီကျော်ခန့်က ပျော်ဘွယ်မြို့နယ်ရှိ ရန်ကုန် - မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၉၀/၇ အနီးတွင်တွင် ရန်ကုန်သီလဝါ ဆိပ်ကမ်းမှ မန္တလေးသို့ ထွက်ခွာလာသည့် ဂါလံ(၈၀၀၀)ဆံ့ ဆီဘောက်ဆာကားနှင့်မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် တွဲကားတို တိုက်မိကာ ဆီဘောက်ဆာကား တိမ်းမှောက်ပြီး ဆီများယိုစိမ့်ခဲ့ကြောင်း၊ ဆီယိုစိမ့်မှုကြောင့် မီးလောင်မှုမဖြစ်ပွားစေရန် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်း၊ ရမည်းသင်းခရိုင်မီးသတ်စခန်းတို့မှ တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက အအေးပေးခြင်းနှင့် ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)