MNP ၊ ဩဂုတ် ၉
ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း ၍ တောင်ကျရေများ စီးဆင်းပြီး ကဒတ်ချောင်း ရေလျှံမှုကြောင့် အနိမ့်ပိုင်းနေအိမ်များသို့ ရေများထပ်မံဝင်ရောက်လာသည့်အတွက် ဩဂုတ် ၉ ရက် နံနက် ၁၀နာရီ ချိန်တွင် ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူ ကျောက်ကွင်း ဘုန်းကြီးကျောင်းနှင့် ကော့စံနိုင်ရပ်ကွက်၊ တောရဘုန်းတော်ကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းများပြန်လည်ဖွင့်လှစ်ခဲ့ရသည်။
အဆိုပါ ကယ်ဆယ်ရေး စခန်းများတွင် ဇေယျာမွန်ရပ်ကွက်ကျောက်ကွင်းဘုန်းကြီး ကျောင်း၌ အိမ်ခြေ (၃၆)အိမ်၊ အိမ်ထောင်စု (၃၆)စု၊ လူဦးရေ ကျား (၇၄)ဦး၊ မ (၆၈) ဦး၊ စုစုပေါင်း (၁၄၂)ဦးတို့အား လည်းကောင်း၊ ကော့စံနိုင်ရပ်ကွက်၊ တောရဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ အိမ်ခြေ (၃၁)အိမ်၊ အိမ်ထောင်စု (၃၁)စု၊ ကျား (၆၃)ဦး၊ မ (၆၃)ဦး၊ ပေါင်း (၁၂၆)ဦး တို့အားကျိုက်ထိုတပ်နယ်မှ ဗိုလ်မှူးရဲရင့်မင်းနှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဇော်နှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များနှင့် ပူးပေါင်း၍ပြောင်းရွှေ့နေရာ ချထားပေးခဲ့သည်။
ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၂)ခုရှိ ရေဘေးရှောင် ပြည်သူများ၏ စားသောက်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များမှကျွေးမွေးသွားမည်ဖြစ်ကြောင်းနှင့်လူ/တိရစ္ဆာန်များထိခိုက်ဆုံးရှုံးမှုများ မရှိပါကြောင်းသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment