ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် မြောက်ဦးမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် မြောက်ဦးမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်



MNP ၊ ဩဂုတ် ၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ မြို့နယ်တို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များ အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များက ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီ ကယ်ဆယ်ရွှေ့ပြောင်းပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရှိသည့် ဘီးလင်းမြို့၊ ဓမ္မဝိဟာရကျောင်း၊ မြို့နယ်အားကစားခန်းမ၊ အောင်ဇေယျခန်းမ၊ ငြိမ်းချမ်းရိပ်မြုံ ကျောင်း၊ အောင်သိဒ္ဒိကျောင်း၊ ရွှေဘုံသာကျောင်း၊ မြောက်ကျောင်းကြီး၊ စကားဝါ ကျောင်း၊ ကိုးနဝင်းကျောင်း၊ ငှက်ပျောတောကျောင်း၊ ပိန္နဲတောကျောင်း၊ ဖိုးလကြီးကျောင်း(မြို့သစ်)နှင့် လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမ၊ ကမော့ကချူး Cyclone Shelter မြို့မဂျာမေဗလီ၊ ပိုင်ကျုံကျေးရွာနှင့် ဒေါ်လန်း ကျေးရွာများသို့ ယနေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက  သွားရောက်၍ ရေဘေးသင့်ပြည်သူများထံသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ရေသန့်ဘူး၊ ခေါက်ဆွဲခြောက်၊ ထမင်းဘူးများနှင့် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ကာ အားပေးစကားများ ပြောကြားသည်။

အလားတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြတန်ဆောင် ယာယီခိုလှုံရာစခန်းနှင့် ဆင်ချရပ်ကွက်အနိမ့်ပိုင်းနေရာများသို့ ချောင်းရေများ ဝင်ရောက်လာပြီး ရေကြီးရေလျှံ မှုများဖြစ်ပေါ်လျက်ရှိသဖြင့် အဆိုပါနေရာသို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကွပ်ကဲ မှုအောက်ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များက ရေဘေးသင့် အိမ်ထောင်စုဝင် မိသားစုများနှင့် အိမ်အသုံးအဆောင်ပစ္စည်း များအား ရေဘေးလွတ်ရာဖြစ်သည့် မြတန်ဆောင် ဘုန်းတော်ကြီးကျောင်းသို့ ကူညီ ရွှေ့ပြောင်းပေးကြသည်။ ထို့သို့ဆောင်ရွက်ပေးနေမှုများကို   မြောက်ဦးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)