ဗဟန်းမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားမည်


MNP ၊  ဩဂုတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ဗဟန်းမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်သည်။


ထိုကဲ့သို့ကွင်းဆင်းစစ်ဆေးခြင်းများမပြုမီ လုပ်ငန်းရှင်များ၏အခက်အခဲများအား သိရှိနိုင်ရန်အတွက် ယမန်​နေ့​မွန်းလွဲ (၂) နာရီအချိန်က ဗဟန်းမြို့နယ် အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်​ရေး​ကော်မတီဝင်များက ကာရာအို​ကေ လုပ်ငန်းရှင်များနှင့် ​တွေ့ဆုံ​ဆွေး​နွေးခဲ့ကြသည်။


ဗဟန်းမြို့နယ်အတွင်း ကာရာအို​ကေလုပ်ငန်းလုပ်ကိုင်သူများအ​နေဖြင့် ထုတ်ပြန်ထားသည့် ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်း၊ ကာရာအိုကေလုပ်ငန်းလိုင်စင်ပါ စက်အစုံအရေအတွက်နှင့် မြေပြင်အရေအတွက် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ကိုင်သည့် လုပ်ငန်းအတွက် ဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်ရယူထားခြင်း ရှိ/မရှိ၊ သက်တမ်းတိုး​ဆောင်ရွက်​ရေးစိစစ် ကြီးကြပ်ခြင်း၊ ညမထွက်ရအမိန့်အား လိုက်နာ​ဆောင်ရွက်​စေ​ရေးနှင့် နိုင်ငံ​တော်သို့​ပေးသွင်းရမည့် အခွန်များ​ပေးသွင်း​စေ​ရေးအတွက် ​ဆွေး​နွေးခဲ့ကြပြီး ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း မြေပြင်ကွင်းဆင်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။


၂၀၂၃- ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ၊ ဗီဒီယိုလုပ်ငန်းဆိုင်ရာ နည်းဥပဒေများနှင့်အညီ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဗဟန်းမြို့နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီကို ကော်မတီဝင် (၇)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကြည်​ဇေ​သော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)