တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူများအား တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူများအား တွေ့ဆုံ





MNP ၊  ဩဂုတ်  ၂၄

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုသည် ထားဝယ်မြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူများအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံအမှာစကား ပြောကြားသည်။


တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ အလေးအနက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား/သူများအား ထူးချွန်ထက်မြက်သော ပညာရှင်များဖြစ်လာစေရန်၊ အထက်တန်းကျောင်းသားဘဝကနေ လူရည်ချွန်ဖြစ်လာစေရန်၊ အသိပညာရှင် အတက်ပညာရှင်ဖြစ်အောင် သင်ကြားလေ့ကျင့်ပေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးအား အဓိကအားထားရကြောင်း၊ တိုင်းဒေသကြီးတွင် အောင်မြင်လျက်ရှိသော စိုက်ပျိုးရေးအနေဖြင့် ဆီအုန်း၊ ရာဘာ၊ ကွမ်းသီးများဖြစ်ပြီး မွေးမြူရေးတွင် ပုလဲမွေးမြူရေး၊ ပုဇွန်မွေးမြူရေးအပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့နေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များအား ကျောင်းသား/သူများအနေဖြင့် ကြိုးစားသင်ယူပေးကြရန် လိုအပ်ကြောင်း၊ ယခုအပတ်စဉ်တွင် ကျောင်းသား/သူများ ကြိုးစားသင်ယူမည်ဆိုပါက ရှေ့ဆက်အဆင့်မြင့်သော သိပ္ပံကျောင်း၊ တက္ကသိုလ်ကျောင်းအထိ တက်လှမ်းနိုင်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်း/သူများ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များ ဖြစ်လာအောင် ဆရာ/မများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက်အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီးက ကျောင်းဖွင့်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာ/မများနှင့် ကျောင်းသား/ သူများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ကျောင်းအတွင်းရှိ စာသင်ခန်းများ၊ နေရာထိုင်ခင်း၊ လျှောက်လမ်း၊ အဆောက်အဦနှင့် ကျောင်းဝင်းအတွင်း စိုက်ပျိုးထားရှိသော အသီးနှံပင်များအားလိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ကျောင်းအုပ်ကြီး၏ လိုအပ်ချက်များတင်ပြချက်အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)