ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီမှ သူခိုးများ အာဏာအလွဲသုံးစားလုပ်၍ တိုင်းပြည်ဘဏ္ဍာကို ခိုးယူခဲ့သည့် မှတ်တမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီမှ သူခိုးများ အာဏာအလွဲသုံးစားလုပ်၍ တိုင်းပြည်ဘဏ္ဍာကို ခိုးယူခဲ့သည့် မှတ်တမ်း


၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၄၁၇၊ ၄၁၈ တို့အရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရပါတယ်။ ၂၀၂၀ မှာ မဲလိမ်မဲခိုးမှုတွေ မကျူးလွန်မီက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဝန်ကြီးဌာနအသီးသီးမှာ ပြည်ထောင်စုဝန်ကြီးတာဝန်ယူခဲ့ကြတဲ့ ဝန်ကြီးများဟာ အာဏာအလွဲအသုံးစားလုပ်ပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာငွေအမြောက်အများကို ခိုးယူခဲ့ကြပါတယ်။

NLD ဦးဆောင်သူတွေရော၊ NLD ထောက်ခံသူများက အစိုးရအဆက်ဆက်ကို သူခိုးလို့ ပုပ်ခတ်စော်ကားမှုတွေ ပြုလုပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာဆိုရင်လည်း အာဏာမရခင်ကတော့ ဥပဒေစိုးမိုးရေး၊ အဂတိကင်းရှင်းရေးကို တဖွဖွပြောခဲ့သူဖြစ်ပြီး အာဏာရလာတဲ့အခါမှာတော့ ရာထူးအာဏာအလွဲသုံးစားလုပ်ပြီး လာဘ်လာဘရယူခဲ့တာတွေ များစွာ စိစစ်တွေ့ရှိခဲ့ရပါတယ်။

တပ်မတော်အစိုးရ၊ USDP အစိုးရလက်ထက်တွေမှာ သူခိုးတွေလို့ လက်ညှိုးထိုးခဲ့ကြတဲ့ NLD ဦးဆောင်သူတွေနဲ့ NLD ထောက်ခံသူတွေဟာ သူတို့ယုံကြည်ကိုးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် က အစပြုပြီး ၅နှစ်တာ အာဏာရတဲ့အခိုက်အတန့်မှာ ရာထူးအာဏာအလွဲသုံးစားလုပ်ပြီး ခိုးခဲ့ကြတဲ့ NLD ဦးဆောင်သူတွေရဲ့ ခိုးမှုကြီးတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ နှုတ်ဆိတ်စွံ့အသွားခဲ့ကြပါတယ်။ ပြည်ဖျက်မီဒီယာတွေမှာလည်း NLD သူခိုးကြီးများအကြောင်းကိုတော့ တစ်ခွန်းတစ်ပါဒတောင် မဟကြတော့ပါဘူး။

စာရေးသူအနေနဲ့ ဒါကို စာတစ်စောင်ပေတစ်ဖွဲ့ ရေးပြရခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် NLD အစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့ကြသူများရဲ့ ခိုးမှုဟာ သာမန်အဆင့် ခိုးမှုမဟုတ်ဘဲ များပြားလှစွာသော ပမာဏဖြစ်တယ်ဆိုတာကို ပြည်သူများ သိရှိနားလည်ထားစေလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် NLD အစိုးရလက်ထက် က ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်များရဲ့ ခိုးမှုများနဲ့ ပတ်သတ်လို့ စာရင်းအတိအကျ ထုတ်ပြန်သွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှု (၉)မှု အမေရိကန်ဒေါ်လာ ၄,၁၀၆,၃၁၆ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၄၉,၂၀၆,၆၉၁,၀၆၅.၇၅ကျပ်၊ (၄၉၂၀၆ သန်းကျော်) ဖြစ်ပါတယ်။

ရုပ်သေးသမ္မတ ဦးဝင်းမြင့် ရဲ့ အဂတိလိုက်စားမှု (၅)မှု အမေရိကန်ဒေါ်လာ ၄,၀၈၈,၀၉၀ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၂၃,၀၄၈,၁၈၆,၀၆၅.၇၅(၂၃၀၄၈သန်းကျော်) ဖြစ်ပါတယ်။

အခြားသောပုဂ္ဂိုလ်များရဲ့ ခိုးမှုမှတ်တမ်းမှာ -

NLDပါတီဝင် ဗဟိုအလုပ်မှုဆောင် ၈ဦး၊ ပါတီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဝန်ကြီးဟောင်း ၂၀ဦး၊ ပါတီဝင်မဟုတ်သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ၄ဦး၊ ပါတီဝင်မဟုတ်သည့် ဝန်ကြီးဟောင်း ၃ဦး တို့ ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှုဟာ ၁၃,၁၀၉,၉၀၈(၁၃သန်းကျော်) နှင့် မြန်မာကျပ်ငွေ ၃၆၁,၉၀၃,၉၇၄,၆၃၁.၈၅ (၃၆၁ဘီလီယံကျော်) ရှိခဲ့ပါတယ်။

ဒီစာရင်းဟာ လွှတ်တော်ကိုယ်စားလှယ်များ က အများပြည်သူအပေါ်မှာ လိမ်လည်ရယူခဲ့တဲ့ ပမာဏတွေ မပါဘူး။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ NLD လွှတ်တော်ကိုယ်စားလှယ်များဟာ လုပ်ငန်းရှင်များထံက အိမ်ခြံမြေကိစ္စတွေ၊ မြေလွတ်မြေလပ် (ခြံကွက်အလွတ်တွေ)၊ လယ်ယာမြေကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ပြီး ငွေကြေးရယူခဲ့တဲ့ ဖြစ်စဉ်တွေ ကျန်ရှိနေပါသေးတယ်။

တပ်မတော်အစိုးရ၊ USDP အစိုးရလက်ထက်တွေမှာ သူခိုးတွေလို့ လက်ညှိုးထိုးခဲ့တဲ့ ဟာတွေ ကိုယ်တိုင်ကလည်း သူခိုးတွေပဲ ဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ အာဏာကို ရယူလိုခြင်းဟာ အများပြည်သူအကျိုးအတွက် မဟုတ်ဘဲ ကိုယ်ကျိုးရှာလိုမှုကို ရှေ့တန်းတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အစ ခိုးယူခဲ့တာပဲ မဟုတ်ပါလား။

နီပိန်းလေးတွေလည်း သင်ခန်းစာယူကြဖို့ လိုပါလိမ့်မယ်။ ပိန်းတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ နိုင်ငံရေးကို တကယ်စိတ်ဝင်စားရင် လူလိမ်လူကောက်တွေ ရဲ့ သရုပ်မှန်ကိုလည်း အမှန်မြင်နိုင်ဖို့ လိုပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မဲလိမ်မဲခိုးပြီး အဓမ္မနည်းလမ်းနဲ့ ရယူဖို့ ကြိုးစားခဲ့ကြခြင်းဟာ အများပြည်သူ ကောင်းကျိုးအတွက် ဆောင်ရွက်လိုခြင်းကြောင့် မဟုတ်ပါဘူး။ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာရတာ အလွန်လွယ်ကူတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ မဲလိမ်မဲခိုးပြီး အာဏာရယူဖို့ရာ မအောင်မြင်တဲ့  အခါကြတော့ အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ခဲ့ကြတယ် မဟုတ်လား။ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ပြီးတဲ့အခါမှာလည်း သူတို့ကိုယ်တိုင်ကတော့ လွတ်မြောက်နယ်မြေကို ထွက်ပြေးပြီး နီပိန်းလေးတွေကို အကြမ်းဖက်သမားများအဖြစ်နဲ့ သေပွဲဝင်ခိုင်းနေတာပဲ မဟုတ်ပါလား။ 


နောင်တော်လေး (ဘိုကေလး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)