MNP ၊ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေးအတွက် ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့နယ်ဆင်ကျုံးကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာထိပ်၊ စေတုတ္တရာ၊ စလင်းကားလမ်းမပေါ်နှင့် ကူတိုကျေးရွာစလင်း မင်းဘူးကားလမ်းမပေါ်၊ စလင်းမီးပွိုင့်လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကြပ်မတ်စစ်ဆေးရာတွင် မြို့နယ်အဆင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်စစ်ဆေးရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးထင်လင်းအောင်၊ မြို့နယ်အဆင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ကစလင်းမြို့နယ် ကူတိုကျေးရွာ မင်းဘူး-စလင်းသွားကားလမ်းမပေါ်နှင့် ဆင်ကျုံးကျေးရွာအုပ်စု ရှမ်းရွာကုန်းကျေးရွာ စေတုတ္တရာ-စလင်းကားလမ်းမ၊ မင်းဘူးစလင်းမီးပွိုင့်လမ်းဆုံတို့တွင် ဝင်ထွက်သွားလာလျက်ရှိသည့် ကုန်ပစ္စည်းသယ်ဆောင်ယာဥ်များအား စစ်ဆေးရာ အဆိုပါကုန်တင်ယာဥ်များတွင် တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။
မောင်လွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment