MNP ၊ သြဂုတ် ၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေထူးအုပ်စု၊ မြေထူးကျေးရွာ(မြို့ဟောင်း)ရှိ ရွှေဂူမြင့် ရှေးဟောင်းစေတီတော်မြတ်ကြီးတွင် ယနေ့ ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြေထူးမြို့ဟောင်း ရွှေဂူမြင့်ရှေးဟောင်းစေတီတော်မြတ်ကြီးအတွင်း နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး မြေထူးကျေးရွာ၊ ငါးရန့်တိုင်းကျေးရွာ၊ လင်းဒအံကျေးရွာ၊ မှော်တော်ကျေးရွာ အသီးသီးမှ ဆရာတော်သံဃာတော်များကို ပင့်ဖိတ်ပြီး လောင်းလှူပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်စဉ် ဝါတွင်းကာလတွင် ဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်း ဝါဆိုပန်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြပြီး ကျေးရွာအသီးသီးမှ မြေထူးမြို့ဟောင်း ရွှေဂူမြင့် ရှေးဟောင်းစေတီတော်မြတ်ကြီးအတွင် ဥပုသ်သီလလာရောက် ဆောက်တည်ကြကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment