MNP ၊ သြဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပြူကံရပ်ကွက်၊ မုံရွာ-မန္တလေးကားလမ်းတွင် ယနေ့ ၁၂ ၄၀ အချိန်ခန့်၊ အပြာရောင် ဒိုင်နာယာဉ်(၁)စီး ဘရိတ်ပေါက်၍ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော ခဲရောင် Super Custom ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး Super Custom ယာဉ်ပေါ်ပါ အမျိုးသမီး (၁) ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စိန်ကုန်းအရန်မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ SERT အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒိုင်နာယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၄)ဦး စုစုပေါင်း (၇)ဦး အနက် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦး၊ မ(၃)ဦး စုစုပေါင်း(၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ထုံးဘိုအရန်မီးသတ်တပ်ဖွဲ့တို့မှ သူနာတင်ယာဉ်များဖြင့်လည်းကောင်း Super Custom ယာဉ်အတွင်း ညပ်မိနေသူ အမျိုးသမီး(၁) ဦး အား နေ့လည် ၁ ၀၀ အချိန်တွင် (အသက်ရှင်လျက်) ကယ်ထုတ်နိုင်ခဲ့ပြီး ဇီဝပါလ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့်လည်းကောင်း စစ်ကိုင်းမြို့ ကုတင် (၂၀၀) ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment