MNP ၊ ဩဂုတ် ၂
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ် ၊ ကုလားရောင်ကျေးရွာ(အောင်မင်းချောင်) အပိုင်း တွင် ပင်လယ်ကမ်းစပ်အနီးရှိ လူနေအိမ်(၃၀)မှာမိုးသည်းထန်စွာရွာသွန်းခြင်းနှင့်ပင်လယ်ဒီရေလှိုင်း မြင့်တက်ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနိုင်သဖြင့် ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ကြိုတင်ဖျက်သိမ်းပြီး ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ပြောင်းရွှေ့ပေးရာတွင် ကျား(၆၅)ဦး ၊ မ(၅၅)ဦးစုစုပေါင်း(၁၂၀)ဦးကို ကုလားရောင် ကျေးရွာရှိ မဟာဝိဟာရဘုန်းတော်ကြီးကျောင်း ၊ မဟာဇောတိကာရာမဘုန်းတော်ကြီးကျောင်း နှင့် Cyclone Shelter များသို့ ရွှေ့ပြောင်းထားပြီး လူနှင့်တိရစ္တာန်များထိခိုက်မှုမရှိကြောင်းလည်းသိရသည်။
ကုလလားရောင်ကျေးရွာအုပ်စု ၊ အောင်မင်းချောင်ပိုင်းတွင် အိမ်ခြေ(၁၂၀) ၊ အိမ်ထောင်စု(၁၂၅)ရှိပြီး နေထိုင်သူလူဦးရေ(၄၈၀)ဦးရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost











No comments:
Post a Comment