အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ ၏ ဝါတွင်းကာလအတွင်း မဟာသံဃိကဒါန အာရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ ၏ ဝါတွင်းကာလအတွင်း မဟာသံဃိကဒါန အာရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်



MNP ၊ ဩဂုတ် ၅

အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ ၏ ဝါတွင်းကာလအတွင်း မဟာသံဃိကဒါန အာရုဏ်ဆွမ်းလောင်းလှူပွဲကို ဩဂုတ် ၄ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌော မဟာစေတီ တော်မြတ်ကြီး အရှ့ဘက်မုခ်ရှိ ဝိသာခါဓမ္မာရုံ၌ ပြုလုပ်ရာ ပုသိမ်မြို့၊ နိဂြောဓာရုံညောင် ပင်သာ ပရိယတ္တိစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိဿုတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။ 


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူ ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ပရိတ်တရားတော်များနာယူကြည်ညိုကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပုသိမ်မြို့၊ မရမ်းချိုကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘိတထံမှ အနုမောဒနာတရား နာယူ ကြည်ညိုပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)