ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ




MNP ၊  ဩဂုတ်  ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘဆရာအသင်း အမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများမှစုပေါင်း၍ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း၌ ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။


အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ ပြည်ကြီးမဏ္ဍိုင်မြို့၊ တောင်ပေါ်ကျောင်းတိုက် ဆရာတော်ဝံနိတနှင့် ပင့်သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


ထို့နောက် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွက်ဆိုပြီး တောင်ပေါ်ကျောင်း တိုက်ဆရာတော်ဝံနိတထံမှ ငါးပါးသီလခံယူတည်ဆောက်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ အားဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ဝံနိတထံမှ ရေစက်ချအနုမော ဒနတရားနာယူ ကြည်ညိုကြကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)