MNP ၊ ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းကော်မတီဝင်များနှင့် ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ကျောင်းခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရသူရိမြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးက ဝါဆိုသင်္ကန်းကပ်လှူရခြင်းနှင့် မြတ်သောအလှူဒါန၏ လှူဒါန်းရရှိပုံများ အား ချီးမွန်းပြောဆိုခြင်း၊ သီလဆောက်တည်ခြင်းများကို ဆောင်ရွက်ကြပြီး ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်အစုစုတို့ကို ဆက်ကပ် လှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment