ကယားပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊  ဩဂုတ်  ၂၅

ကယားပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဆပ်ကော်မတီများနှင့် သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပညာရှင်များ တက်ရောက်ခဲ့ကြ သည်။


ရှေးဦးစွာ ကယားပြည်နယ်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များသည် အဓိကအခန်းကဏ္ဍနေရာမှ ပါဝင်ကြောင်း၊ ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်ထောင်စုအဆင့်သို့ ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အရည်အချင်းပြည့်မှီသော ပြိုင်ပွဲဝင်အနုပညာရှင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စုဖွဲ့ရွေးချယ်လေ့ကျင့်ပြီး ပြည်ထောင်စုအဆင့်တွင် အောင်မြင်မှုရရှိသည်အထိ မျှော်မှန်းပြီး ဆောင်ရွက်ကြရန်၊ ပြည်နယ်ကိုယ်စားပြု ရွေးချယ်ခံရသူများအား ပြိုင်ပွဲအမျိုးအစားအလိုက် နည်းပြများဖြင့် အနီးကပ်နေ့စဉ်လေ့ကျင့်သင်ကြားပေးကြရန်၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှလည်း ပြိုင်ပွဲဝင်များ၏ လိုအပ်ချက်များကို အင်တိုက်အားတိုက် ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြင့်ကြည်တို့ကပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားမှုနှင့်လုပ်ငန်း တာဝန်များ၊ ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲအဆင့်များနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီ အသီးသီးနှင့် ပညာရှင်များက လုပ်ငန်းအလိုက် ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှု များအပေါ် ဆောင်ရွက်ပေးမည့်အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)