ကယားပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်


MNP ၊ ဩဂုတ် ၆

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ သာသနာ့ဗိမာန်တော်ကြီး၌ပြုလုပ်ရာ ပြည်နယ်သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာစက္က အမှူးပြုသော သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင် များ  ကြွရောက်တော်မူကြပြီး  ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော်ထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခန်းအနားအပြီးတွင် ကြွရောက်တော်မူကြသည့် သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ ကယားပြည်နယ်၊ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားတွင် ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၂၆ ကျောင်းတို့မှ ရဟန်း၊ သာမဏေ ၁၅၀၃ ပါး၊ လွိုင်ကော်မြို့ရှိ  သီလရှင်ကျောင်း ၃ ကျောင်းတို့မှ သာသနာနွယ်ဝင် သီလရှင် ၄၁၇ ပါးတို့အတွက် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)