မှော်ဘီမြို့နယ်၊ မုံရွာမြို့နယ်နှင့် အောင်မြင်သာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၊ မုံရွာမြို့နယ်နှင့် အောင်မြင်သာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်




MNP ၊ ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ တို့မှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံဆေးကုသရေးအဖွဲ့က လိပ္ပုတ်ကျေးရွာရှိ ကျက်သရေ ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၅ ပါးနှင့် ဒေသခံ ပြည်သူ ၂၃၈ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သားဖွား မီးယပ်ဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ရောဂါရှာဖွေကုသခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များ က ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကောရဗျကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၌ ဒေသခံပြည်သူ ၈၅ ဦးတို့ကို သွေးတိုးရောဂါ၊ လည်ချောင်းရောဂါ၊ မျက်စိ ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြင်သာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ ဇိနောဒယ သီလရှင်စာသင်တိုက်မှ သာသနာနွယ်ဝင်သီလရှင်နှင့် ဒေသခံပြည်သူများအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သာသနာနွယ်ဝင်သီလရှင် ၂၀၂ ပါးနှင့် ဒေသခံပြည်သူ ၂၈ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ သွေးဖောက်၍ ဆီးချို/သွေးချိုစစ်ဆေးခြင်းနှင့် သွေးအုပ်စုများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခ ံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လိုအပ် သည့် သာသနာနွယ်ဝင်သီလရှင် ၁၂၈ ပါးနှင့် ဒေသခံပြည်သူ ၂၈ ဦးတို့ကို ဆေးကုသရေး အဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ  တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)