မွန်ပြည်နယ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲ ကျင်းပ


MNP ၊ ဩဂုတ် ၃၀

မွန်ပြည်နယ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာ အဆင့်)ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။          

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် မော်လမြိုင်တက္ကသိုလ် အနုပညာအသင်းမှ အပျိုတော်ယိမ်းအက ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန် ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးကြသည်။

အဆိုပါ မွန်ပြည်နယ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲတွင် အဆင့်မြင့်ပညာအဆင့် တစ်ဦးချင်း အကပြိုင်ပွဲတွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်းကာလ ပေါ်တေးဘာသာရပ်တွင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး တေးဘာသာရပ်တွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦးတို့ ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)