TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် အပြစ်မဲ့အရပ်သားအမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် အပြစ်မဲ့အရပ်သားအမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ



MNP ၊ ဩဂုတ် ၃၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ အတွင်းသို့ TNLA အဖွဲ့ဝင်များက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၁၆ နှစ်အရွယ်အပြစ်မဲ့ အရပ်သား အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာ ကျေးရွာ၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ကျေးရွာ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် အပြစ်မဲ့ အရပ်သား အမျိုးသမီးငယ် ၁ ဦးသေဆုံး၍ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး TNLA အဖွဲ့ဝင်များသည် အဆိုပါကျေးရွာ၏ အနောက်တောင်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရှိရသည်။


အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ကွတ်ခိုင်ပြည်သူ့ ဆေးရုံနှင့် နယ်မြေခံ ဆေးတပ်ရင်းများသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ စေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နမ့်ဖတ်ကာကျေးရွာနှင့် အနီး ပတ်ဝန်းကျင် တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)