MNP ၊ ဩဂုတ် ၂၅
ကျိန္တလီမြို့၌ စာရေးဆရာ ညီညီနိုင်၏ “ပညာနှင့်ဘဝအောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသား/သူများ အနေဖြင့် ကျောင်းအားလပ်ချိန်များတွင် အသိပညာ ဗဟုသုတများ ရရှိစေရန်၊ စာဖတ်စွမ်းရည်များမြင့်မားလာစေရန်၊ စာအုပ်စာပေများကိုဖတ်ရှုရန် လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်းပိုမိုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်၊၊
ဆက်လက်၍ မောင်ရဲခန့်က“အချိန်ဖြုန်းမှုလျှော့ချခြင်း”ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မောင်ဖြိုးမင်းသန့်က“သင့်အချိန်ကိုစီမံကိန်းဆွဲခြင်း”ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မနှင်းဟေမာန်အောင်က “အချိန်ဆွဲမှုတိုက်ဖျက်ရေးနည်းလမ်းများ” ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မဖြိုးအိမွန်က “သင်ကြားမှုမပြုခင်နိုးကြားတက်ကြွမှုရှိခြင်း” ခေါင်းစဉ်ပါအကြောင်းအရာများကို လည်းကောင်းဖတ်ကြားပြီး စာဖတ်သူများမှ နားလည်သည် များကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရှင်းပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment