Pages

Pages

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ





MNP ၊  ဩဂုတ်  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား အချိန်ကိုအလဟသ မကုန်ဆုံးစေဘဲ အကျိုးရှိစွာအသုံးချတတ်စေရန်၊စာအုပ်စာပေလေ့လာဖတ်ရှုခြင်းဖြင့် သိပညာဗဟုသုတ များ ရရှိစေရန်နှင့် အများရှေ့တွင်ပြောရဲဆိုရဲပြီး စကားပြောစွမ်းရည်ကောင်းလာစေရန် ရည်ရွယ်၍ ယမန်နေ့  မွန်းလွဲပိုင်းက ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က ပြိုင်ပွဲပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ထားသည့် အမှတ်ပေး စည်းမျဉ်း၊ စည်းကမ်းများကို  ပြိုင်ပွဲဝင်သူများ သိရှိစေရန် ‌ရှင်းလင်းပြောကြားပြီး ပုံပြင်ပြော ပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ ထို့နောက် ဆုရရှိသူများအား  တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်ပစ္စည်းများ ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။


တင်ထွန်းဦး၊ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment