Pages

Pages

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနား ပေါက်တောမြို့၌ ကျင်းပ





MNP ၊  ဩဂုတ်  ၁၈

 ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု  အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့​​ဆေးရုံရို အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကိုကိုအောင် ကအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် သတ်မှတ်ခဲ့ပုံများ၊ ကျန်းမာရေးရက်သတ္တပတ်အလိုက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးကင်းစကလေးများနှင့် အသက်ငါးနှစ်အောက်ကလေး များသည် အာဟာရချို့တဲ့မှု မဖြစ်ပေါ်စေရေးအတွက် မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက် အစားအစာများ စနစ်တကျကျွေးမွေးရသည့် နည်းလမ်းများ၊ အာဟာရအပေါ် မူတည်၍  ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ရောဂါကာကွယ်နိုင်မှုစသည့် အကြောင်းအရာများနှင့် ကျန်းမာရေး ရက်သတ္တပတ်အလိုက် ဆောင်ရွက်ရန်လျက်ရှိသည့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြည်သူလူထုအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။


ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့်  ကိုယ်ဝန်ဆောင် မိခင်နှင့် နို့တိုက်မိခင်များအား မေးခွန်းများမေးမြန်းကာ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။


ယင်းနောက်  အသက်(၅)နှစ်အောက် ကလေးငယ်များအား အင်အားပြည့် ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးခဲ့ ကြကြောင်း သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment