ကျောက်ဖြူခရိုင်(Community Centre)ခန်းမ၌ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူခရိုင်(Community Centre)ခန်းမ၌ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်






MNP ၊  ဩဂုတ်  ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေ ပေးသူတစ်ရာ” စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး   ဒေါ်ခင်ယုယုနွယ်က တစ်ဦးနှင့်တစ်ဦး ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အသိ ပညာ ဗဟုသုတများ မျှဝေနိုင်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အားလပ်ချိန်များကို အလေ့အလွင့်မကုန်ဆုံးစေဘဲ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Book Club အဖွဲ့ဝင် လူငယ်စာရေးဆရာမ ဒေါ်မြဝတ်ရည်က “ကိုဘီအေမှ မြကျွန်းညိုညိုအထိ” စာပိုဒ်ပါ အကြောင်းအရာ များထဲမှ မြန်မာနိုင်ငံတွင် တက္ကသိုလ်အများအပြား ဖွင့်လှစ်ပြီးဖြစ်သကဲ့သို့ တက္ကသိုလ် ဘွဲ့ရပညာတတ် လူငယ်များလည်း အများအပြားပေါ်ထွက်ပြီးဖြစ်ကြောင်း၊ တက္ကသိုလ်ခေတ်ဦးပိုင်းတွင် ရေပန်းစားသော တက္ကသိုလ်ဘွဲ့မှာ ဘီအေဘွဲ့ဖြစ်ပြီး အဆိုပါဘွဲ့ရလျှင် မြို့အုပ်၊ ဝန်ထောက် စသည့် အရာရှိများဖြစ် ကြောင်း၊ တက္ကသိုလ်ကို နောက်ခံပြု၍ ရေးဖွဲ့သော သီချင်းများ၊ ဝတ္ထုများနှင့် ရုပ်ရှင်ဇာတ်ကားများ စွာရှိကြောင်း၊ ဆရာမြို့မငြိမ်း၏ လူချွန်လူကောင်း၊ ကိုမင်းနောင်၏ တက္ကသိုလ်ကျောင်းသူတစ်ဦးတွင်၊ အများစုပေါင်းသီဆိုသည့် မြကျွန်းညိုညို တက္ကသိုလ် သီချင်းများပင်ဖြစ်ကြောင်းနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ စိတ်အလှ၊ ပညာအလှ၊ အရောင်အသွေးစုံအောင် အလှကုန်များ ကို ရေးဖွဲ့ထားသည့် ကဏ္ဍများအား ဦးဆောင်ဆွေးနွေးသည်။ 


ဆက်လက်၍ Book Club အဖွဲ့ဝင် လူငယ်စာရေးဆရာမ ဒေါ်ပွင့်သွယ်စုမှ “တပည့်တွေအကြောင်း” စာပိုဒ်ပါအကြောင်းအ‌ရာများကိုလည်းကောင်း၊ လူငယ်စာရေးဆရာမ ဒေါ်မေနှင်းမှ “ဆရာမတိုက်ကျွေးသော အားဆေးစကား” စာပိုဒ်ပါအကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များမှ‌ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးခဲ့ကြကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)