ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာရှိ နေအိမ်များအား KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၂၅လုံး မီးလောင်ပျက်စီး ဆုံးရှုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာရှိ နေအိမ်များအား KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၂၅လုံး မီးလောင်ပျက်စီး ဆုံးရှုံး


MNP ၊  ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ကသာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၃၀ ရက်တွင် ကျောက်ထုံးကြီးကျေးရွာအနီးသို့အရာက်၌ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအတွင်းနှင့် ကျေးရွာသင်္ချိုင်းကုန်းအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏နောက်သို့ ထပ်ကြပ်လိုက်လံချေမှုန်း တိုက်ခိုက်ခြင်း မပြုနိုင်စေရန်နှင့် ကျေးရွာရှိနေအိမ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့်ဟု အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။


အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)