Myanmar Cyber Security Challenge 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသား/ကျောင်းသူ ၇၅ဦး ပါဝင်ယှဉ်ပြိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

Myanmar Cyber Security Challenge 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသား/ကျောင်းသူ ၇၅ဦး ပါဝင်ယှဉ်ပြိုင်



MNP ၊ ဩဂုတ် ၆

Myanmar Cyber Security Challenge 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ တပ်မတော်နည်း ပညာတက္ကသိုလ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် အစိုးရနည်းပညာ ကောလိပ် / သိပ္ပံများမှ အသင်း ၂၅ သင်း၊ ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၅  ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအခမ်းအနား ကို ဖွင့်လှစ်ပေးသည်။


ပြိုင်ပွဲသို့ တပ်မတော်နည်း ပညာတက္ကသိုလ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် အစိုးရနည်းပညာ ကောလိပ် / သိပ္ပံများမှ အသင်း ၂၅ သင်း၊ ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၅  ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး (UI$ Team)အသင်းက ပထမ၊ (n00b_ 779082 ) အသင်းက ဒုတိယနှင့် (U_SH3LL) အသင်းက တတိယ ရရှိခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ဆုရရှိသည့်အသင်းများကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။


မြန်မာနိုင်ငံတွင် Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ရောဂါအကန့်အသတ်ကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့ တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ကာ ယခု ၂၀၂၃ ခုနှစ်တွင် (၇) ကြိမ် မြောက် ကျင်းပနိုင်ခဲ့ခြင်းဖြစ် သည်။


အဆိုပါပြိုင်ပွဲမှ အနိုင်ရထူးချွန်သူများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် ကျင်းပသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)