NUG ဆိုတာ လမ်းဘေးခွေးအဆင့်သာ . . . - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG ဆိုတာ လမ်းဘေးခွေးအဆင့်သာ . . .



၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့ရတာ ၃နှစ် နီးပါးတောင် ရှိလာခဲ့ပါပြီ။ အာဏာလက်မဲ့ ဖြစ်ခဲ့ရတဲ့ NLD ပါတီဦးဆောင်သူများဟာ သူတို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း က နိုင်ငံရေးလုပ်စားသူများနဲ့ ပူးပေါင်းပြီး ဆူပူအကြမ်းဖက် တိုင်းဖျက် ပြည်ဖျက် လုပ်နေတာလည်း ၃နှစ် နီးပါးတောင် ရှိပြီလို့ ပြောရမှာ ဖြစ်ပါတယ်။

တကယ်တော့ NLD ဦးဆောင်သူများနဲ့ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူများဟာ သူတို့ကျူးလွန်ခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို တစ်ခွန်းတစ်ပါဒမျှမဖွင့်ဟဘဲ တပ်မတော်ကပဲ အာဏာလုယူသယောင်၊ သူတို့သာလျှင် တရားဝင်အစိုးရသဖွယ် CRPH, NUG အဖွဲ့တွေ ဖွဲ့စည်းခဲ့ကြပါတယ်။ CRPH, NUG အဖွဲ့တွေဟာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဆူပူအကြမ်းဖက် လုပ်ရပ်တွေဖြစ်ပေါ်အောင် လှုံ့ဆော်လခဲ့ကြပြီး သူတို့ကို အားပေးထောက်ခံနေတဲ့ နီပိန်းလေးတွေကို အကြမ်းဖက်လှုပ်ရှားမှုများမှာ ပါဝင်လာအောင် PDF အဖွဲ့တွေ ဖွဲ့စည်းပေးခဲ့ကြပါတယ်။ CRPH, NUG အဖွဲ့ဝင်များကတော့ နိုင်ငံရေးအပါးဝသူများနဲ့ ဖွဲ့စည်းထားတဲ့ စားဖားကြီးများ ဖြစ်ပါတယ်။ သူတို့က အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ရုံမျှသာ ဖြစ်ပြီး ယမ်းငွေ့တောင် အသမ်းမခံပါဘူး။ နိုင်ငံရေးအပါးအမဝတဲ့ နီပိန်းလေးတွေကတော့ နိုင်ငံရေး ခိုင်းနွားလေးတွေ ဖြစ်ပြီး PDF အကြမ်းဖက်သမားများအဖြစ်နဲ့ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေကို ယုတ်ယုတ်ကန်းကန်း ကျူးလွန်လာခဲ့ကြပါတယ်။ PDF အကြမ်းဖက်သမားများဟာ ကိုယ့်ရွာသူရွာသားအချင်းချင်း သတ်တယ်။ ကိုယ့်မြို့၊ ကိုယ့်ရွာမှာ ရှိတဲ့ အစိုးရရုံးဌာနတွေကို ဖျက်ဆီးတယ်။ လမ်းတံတားတွေ ဖျက်ဆီးတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အပါအဝင် NUGနဲ့ လက်တွဲပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာကြတဲ့ KNU, KNLA, KIA, KNPP, CNF အစရှိသော အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၁၀၀ ကျော်အထိ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ 

ယမ်းငွေ့တောင် အသမ်းမခံတဲ့ အကြမ်းဖက်လှုံ့ဆော်သူ အောင်ကြည်ညွန့်၊ မင်းကိုနိုင်၊ ဇော်ဝေစိုး၊ လွင်ကိုလတ်၊ ဇင်မာအောင်၊ မျိုးရန်နောင်သိန်း တို့ဟာ ပြည်တွင်းမှာ သူတို့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေ မွေးပြီး လမ်းညွှန်ခိုင်းစေနေကြသူတွေ ဖြစ်ပါတယ်။ ဇော်ဝေစိုးရဲ့ လက်ပါးစေ CDM ဆရာဝန်တွေ တရားမဝင်ကျောင်းဖွင့်ပြီး ဆရာ/ဆရာမတွေကို ပြန်ပြီး ငွေညှစ်တဲ့ ကောင်တွေကိုလည်း ဖမ်းဆီးနိုင်ခဲ့သလို မျိုးရန်နောင်သိန်း ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေ ရန်ကုန်မြို့ပေါ်မှာ အခွန်ရုံးကို ဖောက်ခွဲတိုက်ခိုက်မှုအပြီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အလားတူ အရက်သမား ရည်မွန်ရဲ့ လက်ပါးစေအကြမ်းဖက်သမားတွေ၊ လွင်ကိုလတ်ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေကိုလည်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့ဟာ ဘယ်ပြည်သူကိုမှ ကောင်းကျိုးမပြုဘဲ သူတို့ရဲ့ နောက်ကွယ်က အမေရိကန်ရဲ့ အလိုကျ မြန်မာပြည်သူတွေကို ရက်စက်ယုတ်မာရိုင်းစိုင်းနေကြတာ ဖြစ်ပါတယ်။ သူတို့ကို ထောက်ခံအားပေးတဲ့ နီပိန်းလေးတွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ပြည်သူတွေကိုတော့ ဒလန်၊ ပျူစောထီး ခေါင်းစဉ်မျိုးစုံတပ်ပြီး သတ်နေကြတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေး ခိုင်းနွား လေးတွေဖြစ်တဲ့ နီပိန်းလေးတွေမှာ သူတို့ကို သေတွင်းထဲ တွန်းပို့နေသူတွေကိုတောင် NUG ကို သူတို့အစိုးရလို့ အထင်ရောက်သည်အထိ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ မှိုင်းတိုက်မှုက ပီပြင်ပါတယ်။ နီပိန်းလေးတွေမှာ သူတို့ကို ဦးဆောင်သူတွေက လွတ်မြောက်နယ်မြေကို အရောက်ပြေးပြီးမှ သူတို့ကို သေတွင်းထဲ တွန်းပို့တာကိုလည်း နားမလည်ကြဘူး။

နီပိန်းလေးတွေ က အစိုးရလို့ ထင်နေတဲ့ NUG အကြမ်းဖက်အဖွဲ့ဟာ လမ်းဘေးခွေးအဆင့်သာသာပဲ ရှိတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်တွေက သူတို့ကို နိုင်ငံတကာက အသိအမှတ်ပြုထားသယောင် အမေရိကန် အားကိုးနဲ့ လှုပ်ရှားတယ်။ တရုတ်က အသိအမှတ်ပြုလေမလားလို့ တရုတ်နှစ်သစ်ကူး သဝဏ်လွှာတွေ ပို့တယ်။ တရုတ်က သောက်ဖတ်မလုပ်တော့ BBC, VOA, RFA အပါဝင် DVB ဦးဆောင်တဲ့ ပြည်ပြေး မီဒီယာအုပ်စုက တရုတ်ကို ဖောင်းထုရေးသားလာကြတယ်။ အာဆီယံဒေသတွင်း နိုင်ငံများမှာ အမေရိကန်ရဲ့ စနက်နဲ့ မြန်မာပြည်ကို စားအုံးဆီ တင်ပို့မှု ဖြတ်တောက်ဖို့အထိ လုပ်ဆောင်ခဲ့တဲ့ အင်ဒိုနီးရှားဆိုရင်လည်း ယနေ့အချိန်မှာ NUG ဆိုတာ နှစ်နိုင်ငံ အကျိုးစီးပွားအတွက် ချိတ်ဆက်ဆောင်ရွက်လို့ရတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ လမ်းဘေးက ခွေးလေခွေးလွင့် သာသာပဲ ရှိတယ်ဆိုတာကို သဘောပေါက်လာပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီအစိုးရနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံက ဆန်ဝယ်ယူဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။ NUG နဲ့ ချိတ်ဆက်ပြီး ဆန်ဝယ်လို့ မရဘူး။ 

အာဆီယံဒေသတွင်း တွေ့ဆုံဆွေးနွေးမှုတွေမှာ NUG က ဘယ်သူ့ကို တက်ခွင့်ပြုခဲ့တာ ရှိသလဲ။ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးပွဲ NUG အကြမ်းဖက်အဖွဲ့ တက်ခွင့်ရခဲ့သလား။ အကြမ်းဖက်အဖွဲ့ကို နောက်ကွယ်က ထောက်ပံ့ပေးတာမျိုး လုပ်ကောင်း လုပ်လိမ့်မယ်။ ဘယ်သူမှ လူရာမသွင်းရဲဘူး။ NUG ကို လူရာသွင်းခဲ့တဲ့ မှတ်တမ်းလည်း မရှိဘူး။ အမေရိကန် ငပွကြီးနဲ့ မကင်းရာမကာင်းကြောင်း ဖြစ်တဲ့အတွက် အလိုလိုက် အကြိုက်ဆောင်ပေးခဲ့ရတာမျိုးပဲ ရှိလိမ့်မယ်။ အမေရိကန်က NUG အကြမ်းဖက်အဖွဲ့နောက်ကနေ အစဉ်တစိုက် ဘာကြောင့် ရပ်တည်ပေးနေသလဲ ဆိုတာကတော့ သူကြိုးကိုင်လို့ ရတဲ့ အစိုးရ မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ ဖြစ်ခဲ့ရပြီးနောက် မြန်မာပြည်ကို သူ့စိတ်တိုင်းကျ ခြယ်လှယ်လို့ မရတော့တဲ့အတွက် မစားရတဲ့အမဲ သဲနဲ့ပတ်တဲ့သဘောပါပဲ။

ထို့အတူပါပဲ ပြည်ဖျက်မီဒီယာတွေမှာ ကုလသမဂ္ဂ UNOCHA အကြီးအကဲ၏ မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ ပြည်ထောင်စုဝန်ကြီးများနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုကို ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ပြောဆိုနေတာကို ပြည်ဖျက်မီဒီယာတွေက ဝေဝေဆာဆာ ရေးသားဖော်ပြနေကြပေမယ့် လမ်းဘေးခွေးနဲ့ တွေ့ဆုံတာမျိုး ဘယ်သူကလုပ်မှာလဲ။ 

ပြည်ပြေး ဝရမ်းပြေးတွေ ရဲ့ မှိုင်းမိနေတဲ့ နီပိန်းလေးတွေမှာ NUG အဖွဲ့ကို အစိုးရလို့ ထင်နေတာကတော့ မဟာအမှားကြီးပါ။ နီပိန်း PDF အကြမ်းဖက်သမားလေးတွေကို ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်ဖို့ ခိုင်းစေပြီး PDF ရဲ့ လုပ်ကွက်ကို ဈေးဗန်းတင်ကာ ကမ္ဘာအရပ်ရပ်က အလှူခံပြီး ကိုယ်ကျိုးရှာနေကြတာ မိန်းမရွှင်မ ပန်ဆယ်လို ဆိုရင် အမေရိကန်မှာ စတိုးဆိုင်ကြီးတောင် ဖွင့်လှစ်နိုင်နေပါပြီ။ NUG အဖွဲ့ဝင်တွေရဲ့ စကားကို ယုံစားပြီး အကြမ်းဖက်လုပ်ရပ်တွေကို ဆင်ကန်းတောတိုး လုပ်ဆောင်နေတဲ့ နီပိန်း PDF အကြမ်းဖက်သမားတွေလည်း ငရဲပြည် ရောက်တာ မနည်းတော့ပါဘူး။ တချို့ကတော့ အသိမှန် အမြင်မှန်ရပြီး လက်နက်တွေအပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်လာခဲ့ကြပါပြီ။ တချို့သော နီပိန်းများကလည်း လက်နက်ကိုင်ပြီး ဓားမြတိုက်၊ လုယက်ရတာကို အရသာတွေ့နေကြတုန်းပါပဲ။


နိုင်ငံတကာဇာတ်ခုံပေါ်မှာတော့ NUG နဲ့ အပေါင်းအပါများဟာ လမ်းဘေးခွေးအဆင့်သာ ရှိပါတော့တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထိုင်ဟောင်နေတဲ့ အဆင့်ပဲ ရှိပါတော့တယ်။ ဘယ်နိုင်ငံကမှ အကြမ်းဖက်အဖွဲ့ကို လူရာမသွင်းပါဘူး။ PDF ဆိုတာကလည်း နိုင်ငံတော်ရဲ့ မူဝါဒများနဲ့အညီ ဒေသဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက အလေးထား နှိမ်နင်းသွားမယ်ဆိုရင် ကြက်ပျောက် ငှက်ပျောက် ငရဲပြည်ရောက်ကုန်ကြရမှာပဲ ဖြစ်ပါတယ်။ 

ခွေးလေခွေးလွင့် အဆင့်သာသာ ရှိတဲ့ NUG ကို အစိုးရလို့ ထင်ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေကြသော နီပိန်း PDF အကြမ်းဖက်သမားများ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပြီး အမြင်မှန် ရစေချင်ပါတယ်။ နိုင်ငံရေးဆိုတာ အများပြည်သူ ကောင်းကျိုးဖြစ်အောင် လုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားရင် မိမိတစ်နိုင်တစ်ပိုင် မှ အစပြုပြီး အများပြည်သူ ကောင်းကျိုးဖြစ်စေမယ့် အလုပ်ကို လုပ်ကြပါ။ လွတ်မြောက်နယ်မြေကို အရောက်ပြေးပြီး အမေရိကန်နဲ့ အိုအိုင်စီအလိုကျ ပြည်သူများကို သေကြောင်းကြံနေတဲ့ ခွေးလေခွေးလွင့် NUG အဖွဲ့ဝင်တွေရဲ့ လှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး မမှားကြစေလိုတော့ပါ။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)