MNP ၊ သြဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မြက်ခါးအင်းရွာ အနောက်တောင်ဘက်ရှိ PDF အကြမ်းဖက်စခန်းအား တာဝန်သိ ပြည်သူများက သတင်းပေးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းဆောင်ရွက်ပေးသဖြင့် ဒေသခံပြည်သူများက အထူးပင် ကျေးဇူးတင်လျက်ရှိသည်။
သာစည်မြို့နယ်၊ မြက်ခါးအင်းရွာ အနောက်တောင်ဘက် တောင်မတောင်တွင် PDF အကြမ်းဖက်များ ခိုအောင်းနေကြောင်း ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းရာ PDF အလောင်း ၁ လောင်းနဲ့အတူ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများမှာ ပြည်သူများအပေါ် လက်နက်ဖြင့် ခြိမ်းခြောက် လုယက်၊ ဓားမြတိုက်မှုများ ကျူးလွန်နေခြင်းကြောင့် ယခုကဲ့သို့ တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအပေါ် အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက်ပေးခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထူးပင် ကျေးဇူးတင်လျက်ရှိသည်။
#MyanmarNationalPost
No comments:
Post a Comment