MNP ၊ သြဂုတ် ၂၈
အရာတော်မြို့နယ်၊ ကျေးရွာများတွင် စိုက်ထူးထားသော ဆက်သွယ်ရေးတာဝါတိုင်များကို NLD လွှတ်တော်အမတ်ဟောင်များ ဦးဆောင်သည့် PDF အကြမ်းဖက်အဖွဲ့က တစ်တိုင်လျှင် သိန်း ၁၂၀၊ သိန်း ၁၃၀ ဖြင့် လက်ညှိုးထိုးရောင်းစားနေကြကြောင်း ဒေသခံများထံမှ သိရသည်။
အရာတော်မြို့နယ်အတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ သောင်းကျန်းနေနိုင်ခြင်းမှာ ဖရဲသီး က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ရှားမှုကို PDF အကြမ်းဖက်သမားများထံ ကြိုတင်သတင်းပေးပို့နေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေမှုအခြေအနေကို မြန်မာနေရှင်နယ်ပို့စ် က တင်ပြထားသည့်အပေါ် ဒေသခံတစ်ဦးက PDF အကြမ်းဖက်သမားများက ဆက်သွယ်ရေးတာဝါတိုင်များကို ရောင်းစားနေမှုအခြေအနေကို ဆက်သွယ်ပြောဆိုလာခြင်း ဖြစ်သည်။
ဒေသခံက "အကို အရာတော်မြို့နယ် အခြေအနေ တင်ပြနေတာကိုလည်း တွေ့လိုက်ရပါတယ်။ ကျွန်တော်ပြောပြချင်တာက အရာတော်မြို့နယ်ထဲမှာ ရွာဘက်က ဆက်သွယ်ရေး တာဝါတိုင်တွေက မရှိသလောက်ဖြစ် သွားပြီဗျ။ PDF က လက်ညှိုးထိုးပြီး ကုလားတွေကို ရောင်းစားပစ်တာ၊ တစ်တိုင်ကို သိန်း ၁၂၅သိန်း၊ သိန်း ၁၃၀ နဲ့ ရောင်းစားပစ်တာ။ တော်တော်များ မရှိတော့ပါဘူး" ဟု ပြောသည်။
အရာတော်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့ကို NLD လွှတ်တော်အမတ်ဟောင်းများ ဖြစ်ကြသည့် ဝဏ္ဏ၊ ခင်မောင်လွင် နှင့် ဘိတ်သိတ်ဆရာ သော်က ဆိုသူတို့က ဦးဆောင်နေခြင်းဖြစ်ပြီး လမ်းမများတွင် ဂိတ်များဖွင့်၍ အများပြည်သူထံမှ ဆက်ကြေးကောက်ခြင်း၊ ဆိုင်ကယ်လုယူခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့် စော်ကားခြင်းများ လုပ်ဆောင်လျက်ရှိသည်။
အကြမ်းဖက်သမားများ အခြေချနေထိုင်ရာ ကျေးရွာများကို နယ်မြေရှင်းလင်းရေး တာဝန်ရှိသူများက သိရှိထားပြီး သွားရောက်ရှင်းလင်းမည်ဆိုသည်နှင့် ဖရဲသီး က ကြိုတင်သတင်းပေးပို့နေသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံး ဖြစ်ပေါ်ခဲ့ရသည့် အခြေအနေများ ကြုံတွေ့ခဲ့ရသည်။
#MyanmarNationalPost
No comments:
Post a Comment