MNP ၊ သြဂုတ် ၂၉
ရွှေဘိုမြို့နယ်အတွင်း နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ဇီးတောကျေးရွာအား ဝင်ရောက်ရှင်းလင်းရာ ကျေးလက်ကျန်းမာရေးအဆောက်အဦအား အကြမ်းဖက်စခန်းအဖြစ် အသုံးပြုခဲ့သည်ကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကျန်းမာရေးအဆောက်အဦအတွင်းမှ PDF အကြမ်းဖက်သမားများ၏ လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ လက်လုပ်မိုင်း ၉ လုံး၊ ဆိုင်ကယ်ဘက္တရီ ၁၀ လုံး၊ နီ/နက်နှစ်ပင်လိမ် ဝါယာကြိုး ပေ ၂၀၀ ခန့် ၁ ခွေ၊ ပြောက်ကျားယူနီဖောင်း ၂၀ စုံ၊ လူနာထမ်းစင် ၁ ခု၊ အသက်ကယ်အင်္ကျီ ၁ ထည်၊ လက်အိတ် ၁၂ စုံ၊ ဆေးပစ္စည်းမျိုးစုံ ဆာလာအိတ် ၂ အိတ်၊ ဆန်အိတ် ၆ အိတ်၊ ဆိုင်ကယ် ၃ စီး၊ လိုင်စင်မဲ့ကား ၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment