MNP ၊ သြဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ဝင် ဇော်လေးနှင့် ဇနီးစန္ဒာနှင်းတို့သည် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က မတ္တရာမြို့နယ်၊ စည်ပင်ရုံးအား ဖောက်ခွဲရန် ဆိုင်ကယ်အတွင်း ဗုံးထည့်သယ်ဆောင်လာစဉ် မြို့နယ်စည်ပင်ရုံးအနောက်ဘက် လမ်းကြားအရောက်တွင် ဆိုင်ကယ်အတွင်းထည့်၍ သယ်ဆောင်လာသောဗုံးမှာ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး သေဆုံးခဲ့ရကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် စန္ဒာနှင်းမှာအခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး PDF အကြမ်းဖက်အဖွဲ့ဝင် ဇော်လေးမှာ ပြင်းထန်ဒဏ်ရာရရှိသဖြင့် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ PDF အကြမ်းဖက်အဖွဲ့ဝင် ဇော်လေးမှာ မန္တလေးဘက်မှ မတ္တရာမြို့သို့အဝင်ရှိ သပြေရိပ်စားသောက်ဆိုင်ပိုင်ရှင် ဦးကျော်အောင်၏ ညီတော်စပ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ်တရားခံများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment