ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ထွက်ပေါ်လာပြီးနောက် ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်သည့် PDF အဖွဲ့ဝင် ၆၃ဦး အထိရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ထွက်ပေါ်လာပြီးနောက် ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်သည့် PDF အဖွဲ့ဝင် ၆၃ဦး အထိရှိ


MNP ၊ သြဂုတ် ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အဂတိလိုက်စားမှုများဖြင့် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခွင့်ပေးခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် မှ အနောက်အုပ်စု၏ ပံ့ပိုးမှုဖြင့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေပြီး အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသော NUG, PDF အဖွဲ့များကို အသိအမှတ်မပြုကြောင်း သဘောထားထွက်ပေါ်လာပြီးနောက် PDF အဖွဲ့အတွင်း ရောက်ရှိနေသည့် လူငယ်တချို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဇူလိုင်လထဲတွင် ၂၅ဦး၊ သြဂုတ်လ (ပထမပတ်)အတွင်း ၃၈ဦး အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေး ငွေများထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ လက်နက်အပ်နှံသူများကိုလည်း လက်နက်အမျိုးအစားပေါ်မူတည်၍ ဆုငွေများချီးမြှင့်ပေးခဲ့သည်ကို တွေ့မြင်ရသည်။

အချို့သော PDF အဖွဲ့ဝင်များမှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသော်လည်း NUG အကြမ်းဖက်အဖွဲ့၏ အကြပ်ကိုင်ခိုင်းစေမှုများကို ခံနေရပြီး ရုန်းထွက်ရန်ခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရသူများလည်း ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ဂျာကာတာတွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ချပြပြောဆိုခဲ့ပြီးနောက် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထားကို လက်မခံနိုင်ဘဲ အကြမ်းဖက်လှုံ့ဆော်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)