သထုံမြို့၌ Social Media အသုံးပြုခြင်းဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့၌ Social Media အသုံးပြုခြင်းဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ ကျင်းပ





MNP ၊  ဩဂုတ်  ၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်‌ဒေသတိုင်ရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(သထုံ)တွင် Social Media အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူမှုကွန်ယက် စာမျက်နှာ Facebook page များ၊ Social Media များကို အသုံးချကာ နည်းလမ်းပေါင်းစုံဖြင့် သွေးထိုးလှုံ့ဆော်ရေးသား ဖြန့်ဝေ‌နေသည့် သတင်းအမှားများ၊ ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီးထားသည့် ဝါဒဖြန့် သတင်းများအား ရှောင်ရှားတတ်စေရေးနှင့် ယုံကြည်စိတ်ချရသည့် နိုင်ငံပိုင်သတင်းစာများ၊ သတင်းရုပ်သံများတို့ကိုကြည့်ရှုရေး၊ ကျောင်းသားလူငယ်များ အနာဂတ်သားကောင်းများဖြစ်လာရေးအတွက် စာအုပ်စာပေများလေ့လာဖတ်ရှုကြရေးနှင့် စာကြည့်တိုက်များအသုံးပြုကြရေးတို့ကို ဟောပြောသည်။


အဆိုပါဟောပြောပွဲသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ၊ နယ်စပ်‌ဒေသတိုင်ရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(သထုံ)မှ ကျောင်းအုပ်ကြီး ဦးအောင်ကျော်နှင့် ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ကျောင်းသား‌ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)