အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်း အဖွဲ့၏ စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise) အောင်မြင်စွာပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်း အဖွဲ့၏ စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise) အောင်မြင်စွာပြီးစီး




MNP ၊ ဩဂုတ် ၄

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ အပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းကို ဩဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။


လေ့ကျင့်ခန်း ဒုတိယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် လေ့ကျင့်ခန်းအစီအစဉ်အလိုက် ဆောင်ရွက်မည့် လေ့ကျင့်ခန်းပါ စစ်ဆင်ရေးစီမံချက်အား မြန်မာ-ရုရှား ကိုယ်စားလှယ် အရာရှိကြီးများမှ ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် နိုင်ငံတကာ တပ်မတော်အရာရှိကြီးများမှ နိုင်ငံအလိုက် အလှည့်ကျ တက်ကြွစွာ ပါဝင်ဆွေးနွေးကြသည်။


အဆိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်းသို့ ပူးတွဲဥက္ကဋ္ဌ နိုင်ငံများဖြစ်သည့် မြန်မာ၊ ရုရှားနိုင်ငံတို့နှင့်အတူ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြပါသည်။


လေ့ကျင့်ခန်း တတိယနေ့ နံနက်ပိုင်းတွင် နယ်မြေခံသင်တန်းကျောင်း၌ မြန်မာ့ တပ်မတော်အထူးတာဝန် တပ်ဖွဲ့ဝင်များမှ စွမ်းရည်သရုပ်ပြခြင်းသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ပြီး၊ နေ့လယ်ပိုင်းတွင် စားပွဲတင်လေ့ကျင့်ခန်းကို ဆက်လက် ဆောင်ရွက်ကာ အခမ်းအနားပိတ်သိမ်းပြီး ညပိုင်းတွင် ညစာစားပွဲဖြင့် ဂုဏ်ပြု ဧည့်ခံခဲ့ပါသည်။


လေ့ကျင့်ခန်းကာလတွင် စားပွဲတင်လေ့ကျင့်ခန်းသို့ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များသည် လေ့လာရေး ခရီးစဉ်အဖြစ် တပ်မတော် စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်နှင့် ကျောက်မျက်ရတနာပြတိုက်များသို့ သွားရောက်လေ့လာခဲ့ကြပြီး ဥပ္ပါတသန္တိစေတီတော်နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ခဲ့ကြသည်။


ယခုပြုလုပ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင် လေ့ကျင့်ခန်းသည် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်(၇)ခုအနက် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး (Counter Terrorism) နယ်ပယ်အတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူပြီးဆောင်ရွက်ခဲ့သည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)