MNP ၊ ဩဂုတ် ၉
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက်အသိပညာဗဟုသုတပေးခြင်းအစီအစဉ်များကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာယနေ့ ညနေပိုင်းတွင် လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကိုမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ပြုလုပ်သည်။
အဆိုပါ အစီအစဉ်တွင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် ကTalk Show ပြုလုပ်ခြင်းပတ်သက်ရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် နှင့် ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုး တို့က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။
ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း ၊ လူငယ်စကားဝိုင်း နှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူး ပြီး ပေါက်တောမြို့နယ် Facebook Page တွင်တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ်ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost

No comments:
Post a Comment