ရေအသုံးချသူတောင်သူများအဖွဲ့ (WUG) နှင့် ဌာနတာဝန်ရှိသူများ ဆည်ရေကိုအကျိုးရှိစွာ စနစ်တကျ သုံးစွဲရေး အသိပညာပေးတွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေအသုံးချသူတောင်သူများအဖွဲ့ (WUG) နှင့် ဌာနတာဝန်ရှိသူများ ဆည်ရေကိုအကျိုးရှိစွာ စနစ်တကျ သုံးစွဲရေး အသိပညာပေးတွေ့ဆုံဆွေးနွေး



MNP ၊  ဩဂုတ်  ၂၆

ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွဋ်နှင့်အဖွဲ့သည် သြဂုတ်လ(၂၅) ရက်နေ့က ပဲခူးမြို့ရှိ မဇင်း၊ ဇလက်ထော်၊ အလိုင်နီနှင့် ရွှေပြည်(၃) ဆည်ရေသောက်ဧရိယာများမှ  ရေအသုံးချသူအဖွဲ့(WUG)များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။     


ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လာမည့်ကာလအတွင်း  အယ်လ်နီညိုရာသီဥတုသက်ရောက်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးရွာသွန်းမှု ပုံမမှန်ခြင်း၊ ရေကြီးရေလွှမ်းမှုဖြစ်ပေါ်နိုင်ခြင်း၊ မိုးခေါင်ရေရှားမှုကြောင့် ရေလှောင်တမံများအတွင်းသို့ ရေဝင်ရောက်မှုနည်းပါးနိုင်ခြင်းများကြောင့် ဆည်ရေပေးဝေမှု လျော့နည်းနိုင်ပြီး သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကို ထိခိုက်နိုင်သဖြင့် ရေအသုံးချသူလယ်သမားများအနေဖြင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို စနစ်တကျကြိုတင်စီမံနိုင်စေရန် ဆည်ရေများကိုလည်း အလေအလွင့်မရှိ သီးနှံပုံစံအလိုက် လိုအပ်သလောက်သာ စနစ်တကျရယူသုံးစွဲနိုင်ရန်၊ ရေအသုံးချသူအဖွဲ့များမှသည် ဆည်မြောင်းစီမံကိန်းဧရိယာအလိုက် ရေအသုံးချသူအသင်းများကိုလည်း တိုးချဲ့ဖွဲ့စည်း၍ ဆည်ရေပေးဝေမှုနှင့် သုံးစွဲမှုလုပ်ငန်းများတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် လယ်သမားများပါဝင်သည့် “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်” ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ဆွေးနွေးခဲ့‌ကြောင်းသိရသည်။  


ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ရေး(၁) ညွှန်ကြားရေးမှူး၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ စက်မှုတိုင်း(၂) ညွှန်ကြားရေးမှူးနှင့် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးတို့မှလည်း ဆည်ရေပေးဝေနိုင်မှုအခြေအနေများ၊ ရေအသုံးချသူအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည့် အချက်များနှင့် ရေရယူသုံးစွဲရာတွင် လိုက်နာရမည့်အချက်များကို အသီးသီးဆွေးနွေးခဲ့ကြပြီး ရေအသုံးချသူအဖွဲ့များမှ ရေရယူသုံးစွဲမှုနှင့်ပတ်သက်၍ လိုအပ်ချက်များနှင့် ၎င်းတို့မှစီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြ‌ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost










No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)