ထျန်းကျင်း၊ စက်တင်ဘာ ၂၉
ဥရောပ လေယာဉ်ထုတ်လုပ်သူဖြစ်သော Airbus ကုမ္ပဏီက တရုတ်ဈေးကွက်တိုးချဲ့မှုအဖြစ် တရုတ်နိုင်ငံတွင် ဒုတိယမြောက် နောက်ဆုံးတပ်ဆင်ရေးစက်ရုံ တည်ဆောက်မူကို စက်တင်ဘာ ၂၈ ရက်က စတင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် တည်ဆောက်မည့် စက်ရုံသစ်သည် Airbus နှင့် ထျန်းကျင်း လွတ်လပ်သော ကုန်သွယ်မှုဇုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်နှင့် တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်း ကော်ပိုရေးရှင်း လီမိတက်တို့ကြား ၂၀၂၃ ခုနှစ် ဧပြီလက သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့ပြီး နောက်ထပ် သမိုင်းမှတ်တိုင်လည်း ဖြစ်သည်။
အဆိုပါ တိုးချဲ့လိုက်သော စီမံကိန်းသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝန်ဆောင်မှုစတင်နိုင်ရန် စီစဉ်ထားကြောင်း Airbus က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ မြင့်တက်လာသော ဈေးကွက်တောင်းဆိုမှုနှင့် ကိုက်ညီမှုရှိစေရန် ယင်းစက်ရုံတွင် A320 နှင့် Airbus ၏ နောက်ဆုံးပေါ် ကိုယ်ထည်ကျဉ်းလေယာဉ်ဖြစ်သည့် A321neo လေယာဉ် နှစ်မျိုးလုံး ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
Airbus ၏ ထျန်းကျင်းလုပ်ငန်းရှိ ဒုတိယမြောက် နောက်ဆုံးတပ်ဆင်ရေးစက်ရုံသည် Airbus ၏ A320 လေယာဉ်အုပ်စုအတွက် ထုတ်လုပ်မှုတိုးချဲ့ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ယင်းစက်ရုံမှ ၂၀၂၆ ခုနှစ်တွင် တစ်လလျှင် လေယာဉ် ၇၅ စင်း ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ လုပ်ငန်းတိုးချဲ့မှုသည် တရုတ်လေကြောင်းလုပ်ငန်းအတွက် Airbus ၏ ကာလရှည်ကတိကဝတ်ကို ဖော်ပြခြင်းလည်း ဖြစ်သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost
No comments:
Post a Comment