MNP ၊ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စစ်ကိုင်း B.Ed (၅)နှစ်သင်တန်း ၊ အမှတ်စဉ်(၁၁) ဝင်ခွင့်စာမေးပွဲ နှင့် ရန်ကုန် နှင့် စစ်ကိုင်းစွမ်းရည် ဒီဂရီ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်းကို ယနေ့ နံနက် ၉ နာရီ စတင်၍ စစ်ဆေးခဲ့ရာ ခရိုင်ပညာရေးရေးမှူး ဦးချစ်သိန်း နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စစ်ကိုင်း B.Ed (၅)နှစ်သင်တန်း ၊ အမှတ်စဉ်(၁၁) ဝင်ခွင့်စာမေးပွဲ ရေးဖြေ ဖြေဆိုသူ စာရင်းရှိ အမျိုးသား ၈ ဦး ၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၃၁ ဦးရှိသည့် အနက် မြန်မာစာ နှင့် အင်္ဂလိပ်စာဘာသာတို့အား ဝင်ရောက် ဖြေဆိုသူပေါင်း အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၁၈ ဦး ပေါင်း ၂၅ ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၆ ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်။ထို့အတူ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရန်ကုန် နှင့် စစ်ကိုင်းစွမ်းရည် ဒီဂရီ ကောလိပ် ဝင်ခွင့်စာမေးပွဲ ရေးဖြေ ဖြေဆိုသူ စာရင်းရှိ အမျိုးသား ၂၅ ဦး ၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၅၂ ဦးရှိသည့် အနက် အင်္ဂလိပ်စာ နှင့် သင်္ချာဘာသာတို့အား ဝင်ရောက် ဖြေဆိုသူပေါင်း အမျိုးသား ၂၁ ဦး နှင့် အမျိုးသမီး ၂၅ ဦး ပေါင်း ၄၆ ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၆ ဉီး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment