Pages

Pages

အမ်းမြို့နယ်တွင် နိုင်ငံသားတစ်ဉီးခြင်း၏ အချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများ အရှိန်အ ဟုန်ဖြင့်ဆောင်ရွက်လျက်ရှိ







MNP ၊  စက်တင်ဘာ  ၂၈

   ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ခရိုင်ဦးမှူးဦးဇော် ဇော်ထွဋ် မြို့နယ်ဦးစီးမှူးဦးကျော်မင်း ထွန်းတို့ကြီးကြပ်မှုဖြင့်မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများကအသက်(၁၀)နှစ်အထက်နိုင်ငံသားကဒ်ပြားရှိသူများအား နိုင်ငံသားတစ်ဉီးခြင်း၏ အချက်အလက်(Biographic)နှင့်ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်း လုပ်ငန်းကို ယနေ့နံနက်၉နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် အခြေပြု၍ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မှီခိုမိသား စုဝင်များအားကောက်ယူလျက်ရှိသည်။


    ထိုသို့ ကောက်ယူရာတွင်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မှီခိုသူမိသားဝင်များအား နိုင်ငံသားတစ်ဉီးခြင်း၏ အချက်အလက်(Biographic)နှင့်ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူလျက်ရှိပြီးယနေ့နံနက်ပိုင်း၌ မြန်မာ့လေကြောင်း၊ တရားရုံး၊ ဥပဒေရုံး၊ စာရင်းစစ်ရုံး၊ အခွန်ရုံး တို့မှ ကောက်ယူရန်ကျန်ရှိသော ခရိုင်/ မြို့နယ် ဦးစီးဌာနများမှ ဝန်ထမ်းများမှ ဝန်ထမ်း( ၂၇)ဦးနှင့် မှီခိုသူမိသားဝင်(၆၃)ဦး ပေါင်း( ၉၀)ဦးတို့ အားလည်းကောင်း ညနေပိုင်းတွင် သစ်တောရုံး၊ သမရုံးတို့ရှိဝန်ထမ်းများမှ ဝန်ထမ်း(၃၀)ဦးမှီခိုသူမိသားစု(၂၇)ဦး ပေါင်း(၅၇) ဦး တို့အား လည်းကောင်းကောက် ယူသွားမည်ဖြစ် ကြောင်းသိရသည်။


      နိုင်ငံသားတစ်ဉီးခြင်း၏ အချက်အလက်(Biographic)နှင့်ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ် ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ နှင့်အဖွဲ့ဝင်များ ခရိုင်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံသားတစ်ဉီးခြင်း၏ အချက်အလက်(Biographic)နှင့်

ဇီဝဆိုင်ရာအချက်အလက်  (Biometric)ကောက်ယူခြင်းလုပ် ငန်းဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့ကြသည်။


     အမ်းမြို့နယ်တွင် နိုင်ငံသားတစ်ဉီးခြင်း၏ အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် မှီခိုသူမိသားစုဝင်များအား  ရုံးဖွင့်ရက်များတွင် ဌာနဆိုင်ရာရုံးများအား အစုအဖွဲ့စုဖွဲ့ကာ အစုအဖွဲ့အလိုက်နေ့စဥ်နံနက်၉နာရီခွဲမှညနေ၄နာရီခွဲထိကောက်ယူသွားမည်ဖြစ်ကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment