Pages

Pages

ရွှေတောင်မြို့နယ်၌ ခရမ်းသီးစိုက်ပျိုးသူတောင်သူများ ဈေးကာင်းရရှိ၍ ပိုမိုစိုက်ပျိုးလျက်ရှိ




MNP ၊  စက်တင်ဘာ  ၂၈

ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခရမ်းသီး စိုက်ပျိုး ရောင်းချသူ တောင်သူများ ဈေးကောင်းရရှိ၍ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


ခရမ်းသီးကို ဒေသ အခေါ်အဝေါ်အရ ကြွပ်သီး၊ ပြုတ်သီး၊ နှပ်သီး ဟု ခေါ်ဆိုကြပြီး ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် စိုက်ပျိုးကြကြောင်းသိရသည်။


 ခရမ်းပင်ကို အပင်ပျိုးပြီး (၄၅) ရက်အကြာတွင် စိုက်ပျိုးလို့ရကြောင်း၊ အပင်စိုက်ပျိုးပြီး နှစ်လခွဲကြာပါက စတင်ခူးဆွတ်နိုင် ကြောင်း၊ တစ်ယောက်စိုက် (၀.၂၅)ဧက လျှင် တစ်ပင်ကြား နှစ်တောင်ခြား၍ စိုက်ပျိုးနိုင်ပြီး အပင် (၃၀၀)စိုက်ပျိုးထားကြောင်း၊ သုံးရက်ခြားတစ်ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် (၄၅)ပိသာခန့် ရရှိကြောင်း နှင့် အဆိုပါ ခရမ်းသီးများကို တစ်ပိသာလျှင် ၈၀၀/-ကျပ်နှုန်းဖြင့် ရွှေတောင်မြို့ ပေါ်ရှိ ကုန်စိမ်းဒိုင်များနှင့် ရန်ကုန်၊မော်လမြိုင်မြို့များသို့ ကားဖြင့် တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရသည်။


ခရမ်းပင်သည် အခြားအပင်များထက် ကာလကြာရှည် ခူးဆွတ်နိုင်ကြောင်းနှင့် ယခု အပင်(၃၀၀) အား စိုက်ပျိုးချိန်မှစ၍ အခင်းမျိုးတုံးချိန်အထိ (၇)သိန်းကျော်ခန့်ရရှိသဖြင့် ခရမ်းသီးစိုက်ပျိုးသူ တောင်သူများ ယခင်နှစ်ထက် ဈေး ကောင်းရရှိ၍ ပိုမိုစိုက်ပျိုးလျှက်ရှိကြောင်း နွားမယံကျေးရွာနေ၊ တောင်သူ ဦးစန်းမြင့်ထံမှသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment