မာန်အောင်မြို့၌(၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မဟာထီးဘုရားပရဝုဏ်အတွင်း၌စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့၌(၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မဟာထီးဘုရားပရဝုဏ်အတွင်း၌စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်






MNP ၊  စက်တင်ဘာ  ၂၅

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၃-ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့်(၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသော အားဖြင့်  ယနေ့ နံနက် ၈နာရီက မြို့မရပ်ကွက်ရှိ မဟာထီးဘုရားပရဝုဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။ 


ထိုသို့ ဆောင်ရွက်ရာတွင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဝင်းဦးဆောင်၍  ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမောင်မောင်ဖြူ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးထွန်းနိုင်နှင့် ပူးပေါင်းရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်ရဲမေများပါဝင်သော အင်အား(၆၆)ဦးက(၅၉)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မဟာထီးဘုရား ပရဝုဏ်အတွင်း၌ ချုံနွယ်၊ပေါင်းပင်၊မြက်ပင်များအားခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်ကောက်ခြင်း၊တံမြက်စည်းလှဲခြင်း ၊ဘုရားပန်းများလဲလှယ်ပူဇော်ခြင်းစသည့် သန့်ရှင်းရေးများနှင့်ကုသိုလ်ကောင်းမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)